ပင်းတယ သြဂုတ်

ရှမ်းပြည်နယ်(​တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ကိုဗစ်-၁၉တတိယလှိုင်း စတင်ဖြစ်ပွားခဲ့သည့်ဇွန်လ ၁၉ ရက်မှ နေ့အထိ ကိုဗစ်-၁၉​​ရောဂါ လက္ခဏာ ကုသပျောက်ကင်း၍နေအိမ်ပြန်ခွင့်ရရှိသုပေါင်း ၂၈၁ ဦး ရှိလာကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများအား ပင်းတယမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက RDT (rapid diagnostic test) ဖြင့် စစ်ဆေးခြင်း ဓါတ်ခွဲနမူနာများအား တောင်ကြီးမြို့ တွင် PCR နည်းဖြင့် စစ်ဆေးခြင်းဖြင့် အတည်ပြုလူနာ ၅၀၅ ဦးရှိခဲ့ပြီး ပင်းတယမြို့ပြည်သူ့ဆေးရုံ၊ မိုင်းအင်တိုက်နယ်ဆေးရုံ၊ပွေးလှတိုက်နယ်ဆေးရုံ၊ ပင်းတယမြို့ မြို့လယ်ဓမ္မာရုံနှင့် မိုးကုတ်ဝိပသာနာ ရိပ်သာတို့တွင် ကိုဗစ်-၁၉ပိုးတွေ့ ကုသရေးစင်တာများထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများဆောင် ရွက်ပေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ လက္ခဏာများပျောက်ကင်းသွားသည့်အတွက် နေအိမ်သို့ပြန်ခွင့်ပြု ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏နေအိမ်တွင် Home Quarantine  ခုနစ်ရက် ဆက်လက်နေထိုင်စေခဲ့ကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် ဇွန်လ ၁၉ ရက်နေ့မှ သြဂုတ်လ ရက်အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြု လူနာပေါင်း ၅၀၅ ဦးရှိပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ၍ဆေးရုံဆင်းခွင့်ရသူပေါင်း ၂၈၁ ဦး၊နေ့အထိဆေးကုသမှုခံယူနေသူပေါင်း ၂၁၅ ဦး၊ သေဆုံးသူပေါင်း ကိုးဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အောင်ကိုဦး