ပင်းတယ  မေ ၂၄

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ မေ ၂၃ ရက် နံနက်ပိုင်းမှစတင်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ပင်းတယမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ကိုးကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ခုနစ်ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ခုနစ်ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ၁၂ ကျောင်း၊ မူလွန်ကျောင်း ခုနစ်ကျောင်း၊ မူလတန်းကျောင်း ၇၄ ကျောင်းနှင့် မူလတန်းကျောင်း(ခွဲ) လေးကျောင်း၊ စုစုပေါင်း အခြေခံပညာကျောင်း ၁၂၀ ရှိပြီး သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် KG မှ Grade-12 အထိ ကျောင်းအပ်လက် ခံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

 

ရဲထက်ဦး(ပြန်/ဆက်)