ပင်းတယ ၃၁ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဆောင်ရွက်သည့် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် အခြေခံပညာကျောင်းများသို့ ယမန်နေ့က သုတ/ရသ စာအုပ်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်များကို ရေဖြူကျေးရွာ အခြေခံပညာကျောင်း၌ သုတ/ရသ စာအုပ် ၁၀ဝ ကိုလည်းကောင်း၊ တောင်ပေါ်ကြီးကျေးရွာအခြေခံပညာကျောင်း၌ သုတ/ရသ စာအုပ် ၁၈၀ ကိုလည်းကောင်း၊ သရက်ကုန်းကျေးရွာ အခြေခံပညာကျောင်းတွင် သုတ/ရသ စာအုပ် ၅၀ နှင့် သဲကုန်းကျေးရွာ အခြေခံပညာကျောင်းတွင် သုတ/ရသ စာအုပ် ၁၄၆ အုပ်တို့ ကိုငှားရမ်းပေးခဲ့ပြီး နှစ်ပတ်လျှင်တစ်ကြိမ် စာအုပ်စာစောင် အသစ်များကိုလဲလှယ်ငှားရမ်းပေး သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)


