ပင်းတယ    ၃  မေ    

 

လတ်တလောဖြစ်ပွါးနေသည့် ကိုဗစ် ၁၉ ရောဂါကာကွယ်ရန်နှင့် ထိန်းချုပ်ရန်အတွက် ရှမ်းပြည် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ ဘုန်းတော်ကြီးကျောင်း များ မင်းလမ်းမများနှင့် ရပ်ကွက်အတွင်းရှိ လမ်းများအား စက်ကြီးများဖြင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

369

 

အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကို ပင်းတယမြို့နယ် ကိုဗစ်ရောဂါ ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များတို့က ဒေသဦီးစီးအဖွဲ့ ဥက္ကဌ ဦးအာကာလင်း မိသားစုမှ လှူဒါန်းထားသည့် High Pressure Fog Cannonနှင့် Diesel Generator  ပါဆေးမှုတ်စက်ကြီးအပြင်၊ မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်ကြီးများဖြင့် မြိုပေါ်ဘုန်းတော်ကြီး ကျောင်း ၁၆ ကျောင်း၊ မင်းလမ်းမတစ်လျှောက်နှင့် မြို့ပေါ်ရပ်ကွက် အတွင်းရှိလမ်းများကို ပက်ဖြန်းခဲ့ကြ ကြောင်းလည်း သိရသည်။

 

ခင်မျိုးနွယ်(ပင်းတယ)