ပင်းတယမြို့ရှိ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်များသို့ ရောဂါကာကွယ်ရေးပစ္စည်းနှင့်  စားသောက်ကုန်များလှူဒါန်း

ပင်းတယ    ၅  မေ  

 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့အဝင်/ထွက်ဂိတ်များတွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် စားသောက်ကုန်များကို ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း မိသားစုမှ ယနေ့ နံနက် ၁၀ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ပင်းတယမြို့နယ်အတွင်း ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်အဖြစ် ၆ ခုထားရှိရာ စစ်ဆေးရေးဂိတ် တစ်ခုလျှင် PPE ဝတ်စုံ (၂)စုံ၊ လက်အိတ် (၁၀၀)ခု၊ Face Shield (၁၀)ခု၊ နှာခေါင်းစည်း (၂၀၀)ခု၊ လက်သန့် ဆေးဘူးအသေး(၃၀)ဘူး၊ လက်သန့်ဆေးဘူးအကြီး (၁)ဘူး၊ ဆပ်ပြာခဲ(၅၀)၊ ခေါက်ဆွဲခြောက် (၂)ဖာ၊ ကြက်ဥအလုံး(၁၀၀) နှုန်းစီဖြင့် ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များမှ တာဝန်ရှိသူ တို့က လက်ခံရယူခဲ့သည်။

 

ထို့နောက် ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ပြောကြားပြီး စစ်ဆေးရေးဂိတ်များမှ လိုအပ်သည်များကို အလျဉ်းသင့်သလို လှူဒါန်းသွားမည်ဖြစ်ကာ နောက်ရက်များတွင်လည်း ရွာငံမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များသို့ သွားရောက်၍ ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ခင်မျိုးနွယ်(ပင်းတယ)