ပင်းတယ ၈ နိုဝင်ဘာ
ရှမ်းပြည် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ၂၀၂၀ ပြည့်နှစ် ယနေ့နိုဝင်ဘာလ (၈)ရက်နေ့ နံနက် ၆ နာရီအချိန်မှစတင်၍ ညနေ ၄ နာရီအချိန်ထိ ဖွင့်လှစ်ထားသည့် မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ မဲပေးနိုင်ရေးအတွက် ဆန္ဒမဲပေးရန် လာရောက်သူများအား ကိုယ်ပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်း တစ်ဦးနှင့်တစ်ဦး ၆ ပေခြားတန်းစီစေခြင်းများကို သက်ဆိုင်ရာ မဲရုံများ၌ တာဝန်ကျသူများက ဆောင်ရွက် ပေးလျက်ရှိသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် ရပ်ကွက် ၁၂ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုပေါင်း ၂၇ အုပ်စုရှိရာ မဲရုံပေါင်း ၇၈ ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ စုစုပေါင်း ၆၀၉၉၅ ဦးခန့်ရှိရာ ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီအချိန်မှစတင်၍ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲ ပေးလျက်ရှိကြောင်းလည်း သိရသည်။
ပင်းတယ (ပြန်/ဆက်)


