ပင်းတယ ဇူလိုင် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာနှင့် ထိစပ်သူများ၊ နေရပ်ပြန်များ၊ ဖျားနာခြင်းနှင့် အနံ့မရရှိသူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ RDT Test Kit ဖြင့် နေ့စဉ်စစ်ဆေးပေးလျက်ရှိရာ ဇူလိုင် ၂၂ ရက်က ပြည်သူ ၄၉ ဦးကို စစ်ဆေးခဲ့ရာတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ အတည်ပြုလူနာသစ် ၁၁ ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ယခုအချိန်တွင် ပင်းတယမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၆၈ ဦးရှိပြီး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၁၆ ဦးရှိကာ သေဆုံးသူ သုံးဦးရှိခဲ့ကြောင်းသိရသည်။
ပင်းတယ(ပြန်/ဆက်)


