ပင်းတယ နိုဝင်ဘာ ၉
ကိုဗစ်-၁၉ တတိယလှိုင်းကာလ ရောဂါကူးစက်မှုများလျော့ကျလာစေရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်း ပါဝင်သော ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီများဖွဲ့စည်းပြီး တိုင်းဒေသကြီး၊ ပြည်နယ်နှင့်မြို့နယ်များ၊ ကျေးလက် ဒေသများပါမကျန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များ ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ နိုဝင်ဘာ ၉ ရက် နံနက် (၉)နာရီမှစတင်၍ ရဟန်း သံဃာတော်များ၊ သက်ကြီးရွယ်အိုများ၊ အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်၊ ဒုတိယအသုတ်ထိုးနှံ ဆောင်ရွက်ခြင်းတွင် ဆေးထိုးနှံရန် ကျန်နေသူများအား ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုထိုးနှံပေးသည့် ကာကွယ်ဆေးမှာ Sinopharm အမျိုးအစားဖြစ်ပြီး ယနေ့တွင် လူဦးရေ (၂၁၇၆) ဦးအား ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ ကာကွယ်ဆေးထိုးနှံပေးမှုအား ပင်းတယမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဉက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကလိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ပင်းတယ ပြန်/ဆက်


