ပင်းတယ ဖေဖော်ဝါရီ ၁၅

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့အတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့သည်။

 

ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကား ပြောကြားပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် ၁၀၀၄ သန်းကို ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ထောက်ပံ့ပေးအပ်ရာ ပင်းတယမြို့နယ်နှင့်ရွာငံမြို့နယ်တို့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများက လက်ခံရယူကြပြီး စီးပွားရေးလုပ်ငန်းရှင် အစုအဖွဲ့များကိုယ်စား အစုအဖွဲ့ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ရဲထက်ဦး(ပြန်/ဆက်)