ပြင်ဦးလွင် အနီးစခန်း ရွှေထိပ်တန်းခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ရှင်းလင်းဆွေးနွေး

ပြင်ဦးလွင် ဖေဖော်ဝါရီ ၂၇

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၇)ရှိ အနီးစခန်း ရွှေထိပ်တန်းခန်းမ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။

 

ဦးစွာ ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦး၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းဆွေးနွေးကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးက ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။ ထို့နောက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား အထွေထွေအု ပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ရပ်ကွက်နေပြည်သူများအား ဖြန့်ဝေပေးသည်။

 

အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ဦးသန့်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်ကြီး(၁၇) အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း ၃၂၄ ဦး တက်ရောက်ကြကြောင်း သိရသည်။

 

ဖြူလူသစ်(ပြန်/ဆက်)