နေပြည်တော် ဇူလိုင် ၂၄

ပြင်ဦးလွင်၊ ဒလ၊ မင်္ဂလာဒုံမြို့နယ်နှင့် တာချီလိတ်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၂ ရက် ညနေ ၅ နာရီ မိနစ် ၅၀ တွင် ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာ အုပ်စု ဝက်ဝံကျေးရွာအနီးတွင် NISSAN AD VAN အမျိုးအစား ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မခင်မိုးဦး(ခ)မမော် ထံမှ ဘိန်းဖြူ သုည ဒသမ ၁၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၄,၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့ နံနက် ၁၀ နာရီတွင် ပူးပေါင်းအဖွဲ့သည် ဒလမြို့နယ် မှော်စက်ရပ်ကွက် သရဖီလမ်းရှိ အောင်ကျော်စိုး (ခ)ကျော်ကြီး ၏ နေအိမ်ကို သတင်းအရဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ကို လည်းကောင်း။

အလားတူ ယင်းနေ့ မွန်းလွဲ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ် ကြံခင်းစုရပ်ကွက် အသံလွှင့်ရုံလမ်းတွင် ဘိုဘိုဌေးလှိုင်(ခ)ဘိုဘို နှင့် ရဲကျော်သူ(ခ)စာကလေး တို့အား သတင်း အရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀  သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီတွင် မင်္ဂလာဒုံမြို့နယ် ကြံခင်းစုရပ်ကွက် မြတောင်ညို(၃)လမ်းရှိ သိန်းမိုး(ခ)သိန်းမိုးဦး ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ကိုလည်းကောင်း။

ထို့အတူ ဇူလိုင် ၂၃ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင်  မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်တွင် မနန်းမေ မောင်းနှင်ပြီး မနန်းစိန်အေး လိုက်ပါလာသည့် ဆိုင်ကယ် ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ စိတ်ပြောင်းဆေးဝါးများရောင်းချခိုင်းသူ စိုင်းဝမ်း အား ညနေ ၆ နာရီတွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်တွင် ဆိုင်ကယ်တစ်စီးနှင့်အတူ လည်းကောင်း ဖမ်းဆီး ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်