ပြင်ဦးလွင် ၁၆ ဇွန်
ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက်မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကလေးငယ်များ စိတ်အပန်းဖြေရန်နှင့် တီထွင် ဆန်းသစ်သည့် စိတ်ကူးများ ရရှိစေရန်ရည်ရွယ်ပြီး အွန်လိုင်းစနစ်ဖြင့် ပုံပြင်ဖတ်ပြခြင်း၊ စက္ကူခေါက် ကစားနည်း သင်ကြား ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ အွန်လိုင်းဝန်ဆောင်မှုတွင် ကလေးများအတွက် ပုံပြင်ဖတ်ပြခြင်း၊အစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့များတွင် လည်းကောင်း၊ စက္ကူ ခေါက်ကစားနည်းများကို အပတ်စဉ် စနေနေ့တွင် လည်းကောင်း ဗီဒီဖိုင်ဖြင့် ပြင်ဦးလွင်ခရိုင် ပြည်သူ့စာကြည့်တိုက် facebook page နှင့် IPRD Phyinoolwin Facebook page တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရသည်။
မြတ်ဆုမွန်


