ပြင်ဦးလွင် ၁၃ ဇန်နဝါရီ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တွင် ကျင်းပပြု လုပ်လျှက်ရှိသည့်ကလေး စာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ပထမနေ့ဖြစ်သည့် ဇန်နဝါရီ(၁၃)ရက် နေ့တွင် နံနက်(၉)နာရီမှစတင်၍ ညနေ ၄ နာရီအထိ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

‌ေ

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍ ပြင်ဦးလွင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပြပြုလုပ်လျက်ရှိသည့် ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်တွင် ကလေးစာပေပြပွဲ၊ ဂေါ်ရခါးလူမျိုးများ၏ လားမားရိုးရာပစ္စည်းများ ပြခန်း၊ မူကြိုပြခန်း၊ ကိုယ်ပိုင်ကျောင်းများပြခန်း (၃)ခန်းနှင့် မီးသတ်ဦးစီးဌာနပြခန်းများ အပါအဝင် ပြခန်းပေါင်း(၂၅)ခန်းနှင့် စကားပုံဆက်ကစားခြင်း၊ အရုပ်ဆက်ကစားခြင်းနှင့် အိမ်ဆောက်လုပ်နည်းကစားခြင်းများအပါအဝင် ဂိမ်းကစားနည်း(၁၂)မျိုးတို့ ပါဝင်ကြောင်းသိရပြီး၊ စာရေးဆရာ မနီတာ(ကဗျာအမျိုးသားစာပေဆုရ)၏ စာဖတ်ခြင်းအနုပညာ နှင့် စာရေးဆရာဇော်ခိုင်ဦး၏  စာတတ်သူတိုင်းစာဖတ်ကြပါ ခေါင်းစဉ်ဖြင့် ဟောပြောသည့် စာပေဟောပြောပွဲများနှင့် အလွတ်တန်း Myanmar Fitness Dance ပြိုင်ပွဲများ ထည့်သွင်းကျင်းပလျက်ရှိကြောင်းသိရပြီး အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသားကျောင်းသူများ၊ ရပ်နီးရပ်ဝေးမှ လာရောက်လေ့လာသူများ၊ စာပေချစ်မြတ်နိုးသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားများပြားခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)