ပြင်ဦးလွင်   ၂၀   မေ

ပြင်ဦးလွင်မြို့နယ်  စည်ပင်သာယာမြို့မဈေးကြီးကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် ဧပြီ ၆ ရက်မှ မေ ၁၅ ရက်အထိ ယာယီပိတ်ထားခဲ့ပြီး မေ ၁၉ ရက်နေ့နံနက် ၆ နာရီခွဲမှ ညနေ  ၃ နာရီအထိ ကျန်းမာရေး ညွှန်ကြားချက်နှင့်အညီ စတင်ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။

 

ပြင်ဦးလွင်မြို့ရှိ  စည်ပင်သာယာမြို့မဈေးကြီးအား ပြန်လည်ဖွင့်လှစ်ရောင်းချရာတွင် ဈေးရောင်း ဈေးဝယ်များအား လက်ဆေးခြင်း၊  Mask တပ်ဆင်ခြင်း၊ ဈေးဝယ်ရာတွင်  social distancing ပြုလုပ်ခြင်းများအား အသိပညာပေး၍ ပြန်လည်စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြတ်ဆုမွန်