ပြင်ဦးလွင်မြို့ ခုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ဆေးရုံသုံးပစ္စည်းများ လှူဒါန်းပွဲကျင်းပ 

ပြင်ဦးလွင်  ၃ ဇန်နဝါရီ     

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ခုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ဆေးရုံးသုံးပစ္စည်းများ လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက  ပြင်ဦးလွင်မြို့၊ ကုတင် ၃၀၀ ဆံ့  ဆေးရုံအုပ်ကြီး ရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်သူ့ဆေးရုံအုပ်ကြီး၊ လက်ထောက်ဆေးရုံအုပ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ အလှူရှင်မိသားစုနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။ 

 

DSC_9221ျပင္ဦးလြင္

 

ရှေးဦးစွာ ပြင်ဦးလွင်မြို့၊ အောင်စံမယ် စိန်၊ ရွှေ၊ ရတနာဆိုင် အလှူရှင်မိသားစုများကိုယ်စား ဒေါက်တာလွင်လွင်မြင့်   (ဒုတိယပါမောက္ခချုပ်) မအူပင်တက္ကသိုလ်မှ ကွန်လွန်သူမိဘနှစ်ပါးအား ရည်စူး၍  မိမိတို့အရပ်ဒေသ မွေးဖွားရာဇာတိ နေရာဖြစ်သည့်  ပြင်ဦးလွင်မြို့၊ ကုတင် ၃၀၀  ဆံ့  ပြည်သူ့ဆေးရုံကြီးတွင်  နှစ်စဉ်နှစ်တိုင်း လှူဒါန်းခဲ့ရာ ယခုနှစ်တွင်လည်း  နှလုံးစမ်းသပ် ECG   3 Channel ( ၈၃၀၀၀၀ )၊ ရေစုပ်မော်တာ  (၁၁၀၀၀၀)၊  ဂါလံ ၄၀၀ ဆံ့  ( ၄ ပေ × ၄ ပေ )  Fiber  ကန် (၃၂၀၀၀၀)  တို့အား လှူဒါန်းရခြင်းရည်ရွယ်ကို ရှင်လင်းပြောကြားခဲ့ပြီး  အလှူရှင်မိသားစုများဖြစ်သည့်  ဒေါက်တာလွင်လွင်မြင့်  (ဒုတိယပါမောက္ခချုပ်) မအူပင်တက္ကသိုလ်၊ ဒေါ်စံပယ်မြင့်၊ ဦးဇော်မင်းဦး-ဒေါ်နှင်းဆီမြင့်၊ ဦးကျော်စိုးမိုး-ဒေါ်သူဇာလွင်တို့မှ လှူဒါန်းပစ္စည်းများအား ပေးအပ်ကာ ပြင်ဦးလွင်မြို့၊  ပြည်သူ့ဆေးရုံအုပ်ကြီးကိုယ်စား လက်ထောက်ဆေးရုံအုပ် ဒေါက်တာ စန္ဒီဖြိုးနိုင်မှ လက်ခံရယူသည်။     

 

ဆက်လက်ပြီး  ပြင်ဦးလွင်မြို့၊ ပြည်သူ့ဆေးရုံအုပ်ကြီးကိုယ်စား လက်ထောက်ဆေးရုံအုပ်  ဒေါက်တာ စန္ဒီဖြိုးနိုင်မှ ယခုလို ပြင်ဦးလွင်မြို့၊ ကုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ဆေးရုံသုံးပစ္စည်းများကို လာရောက် လှူဒါန်းကြသည့်အတွက် အလွန်ပင်ဝမ်းသာပီတိဖြစ်ရပါကြောင်း ပြောကြားခဲ့သည်။ 

 

ဇော်မျိုးထိုက် (ပြင်ဦးလွင်)

 

DSC_9221ျပင္ဦးလြင္