ပြင်ဦးလွင် ၁၇  မတ်

 

မေတ္တာစံအိမ် ပရဟိတဖောင်ဒေးရှင်းမှ မေတ္တာစံအိမ်ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ မြန်ပြည်သာကျေးရွာရှိ မေတ္တာစံအိမ် ပရဟိတဖောင်ဒေးရှင်းတွင် ကျင်းပခဲ့သည်။

 

အဆိုပါ ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းဖွင့်ပွဲတွင် မြန်ပြည်သာကျေးရွာ သုခမင်္ဂလာကျောင်းတိုက်မှ သံဃာတော်များ၊ သီလရှင်များ၊ မြန်ပြည်သာကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာတို့မှ ဒေသခံပြည်သူ စုစုပေါင်း ၁၀ဝ ကျော်တို့အား ဆီးချို၊ သွေးတိုး၊ နှလုံး၊ အထွေထွေရောဂါနှင့် မျက်စိစမ်းသပ်ခြင်းများအား ဒေါက်တာကျော်တိုးနိုင်၊ ဆရာဦးသိန်းဆွေ(ဆေးမှူး)၊ ဆရာဦးအောင်သူဟိန်း (အထက်တန်းသူနာပြု)၊ တိုင်းရင်းဆေးဆရာမ ဒေါ်ခင်သက်ထွန်း၊ ဆရာဦးစိုးပိုင် (မျက်စိ/ မျက်မှန်)တို့က ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

 

66

 

အဆိုပါဆေးခန်းကို အပတ်စဉ် တနင်္ဂနွေနေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ၊ မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီအထိ တစ်နေ့နှစ်ကြိမ် ဖွင့်လှစ်ကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မေတ္တာစံအိမ် ပရဟိတဖောင်ဒေးရှင်းအား ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် စတင်တည်ထောင်ပြီး အိမ်တွင်းမှုလုပ်ငန်း၊ အသက်မွေးဝမ်းကြောင်း အတတ်ပညာများကို အခမဲ့သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့များတွင်ရှိသော ဆေးရုံများတွင် လိုအပ်သည်များ လှူဒါန်းခြင်းနှင့် ယခုကုသိုလ်ဖြစ် အခမဲ့‌ဆေးပေးခန်း ဖွင့်လှစ်မှုသည် တတိယ‌ဆောင်ရွက်မှုဖြစ်ကြောင်း သိရသည်။

 

တင်မောင်(မန်းကိုယ်ပွား)