ပြင်ဦးလွင် ၁၃ မေ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး အထောက်အကူပြု ပစ္စည်းများနှင့် ဆန်အိတ်များလှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ပြင်ဦးလွင်မြို့၊ ရွှေစင်မင်းသီလရှင် (အမျိုးသမီး) ပရဟိတပညာရေးကျောင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါလှူဒါန်းပွဲတွင် ပြင်ဦးလွင်မြို့နယ်အတွင်း မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းမှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့တို့က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးကာလတွင် ပြင်ဦးလွင်မြို့ရှိ ရွှေစင်မင်းသီလရှင် (အမျိုးသမီး ) ပရဟိတ ပညာရေးကျောင်းမှ ပညာသင်ကြားနေသော သီလရှင် အပါး (၃၀၀) ခန့်အား နှာခေါင်းစည်း (၁၃၀၀) ခု နှင့် ဆန် ၁၂ ပြည်ဝင်အိတ် (၇၅)အိတ်အား ကျောင်းတာဝန်ခံ ဒေါ်ဟေမာနန္ဒီ ထံသို့ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
ဇော်မျိုးထိုက် (ခရိုင် ပြန်/ဆက်)


