ပြင်ဦးလွင် မတ် ၂၅

 

ပြင်ဦးလွင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနနှင့် နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (နောင်ချို)တို့ ပူးပေါင်းဖွင့်လှစ်သော မက္ကဒေးမီးယား စိုက်ပျိုးပြုစုထိန်းသိမ်းခြင်း နည်းပညာပေး သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက ပြင်ဦးလွင် မြို့နယ် မြန်မာ-ခါနန် တောင်သူလယ်သမား နည်းပညာဖွံ့ဖြိုးမှု လေ့ကျင့်ရေးသင်တန်းကျောင်း ဒိုးကွင်တွင် ကျင်းပသည်။

 

ပေးအပ်ချီးမြှင့်

အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးကိုယ်စား ကော်ဖီသုတေသနနှင့် နည်းပညာ ပြန့်ပွားရေးဗဟိုဌာနတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီလာထွန်းက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသားများကိုယ်စား နောင်ချိုမြို့နယ် မက္ကဒေးမီးယားခြံရှင် ဦးဝင်းဦးက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် သင်တန်းသား ၁၇ ဦးအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။

 

အဆိုပါ သင်တန်းအား မတ် ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သွေးသွေး(ပြန်/ဆက်)