ပြင်ဦးလွင်    မတ်    ၅

ပြင်ဦးလွင် ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့်  အားကစားနှင့် ကာယပညာဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင်  အားကစားကွင်းအတွင်း၌ ကျင်းပသည်။ 

ထောက်ပံ့လှူဒါန်း

ဦးစွာ ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးက သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။  ထို့နောက် အလှူရှင်များက တာဝန်ရှိသူများထံသို့ အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည် ပေးအပ်ကြသည်။

အဆိုပါသင်တန်းကို   မတ် ၅ ရက်မှ ၃၁ ရက်အထိ  ဘောလုံး၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ စားပွဲ တင်တင်းနစ်၊ Ground တင်းနစ်၊ စစ်တုရင်၊  တိုက်ကွမ်ဒို၊   မြန်မာ့သိုင်း၊ လက်ဝှေ့၊ ကရာတေး၊ ဘတ်စကက်ဘောနှင့် ရိုးရာခြင်း စသည့် အားကစားအမျိုးအစား  ၁၂ မျိုးကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။                                                                                     

ခရိုင်(ပြန်/ဆက်)