ပြင်ဦးလွင် မတ် ၂၆
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပညာ ရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Diploma in Education and Pedagogy– Dip.EP) အမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲကို မတ် ၂၄ ရက် နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရှိ ဧရာဝတီခန်းမ၌ ကျင်းပသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းအောင်ကြည်က အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင် တိုးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ယခုဖွင့်လှစ်သည့် ပညာရေးနှင့် သင်ပြ နည်းပညာ ဒီပလိုမာသင်တန်း (Diploma in Education and Ped– Dip.EP) အမှတ်စဉ် (၁/၂၀၂၅) ကို မတ် ၂၄ ရက်မှ မေ ၃၀ ရက် အထိ ပြင်ဦးလွင်မြို့ အထက(၁)တွင် သင်တန်း သား ၄၀၀ နှင့် အထက(၄)တွင် သင်တန်းသား ၂၅၇ ဦး စုစုပေါင်း ၆၅၇ ဦးတို့ဖြင့် ပညာရေး ကောလိပ်မှ နည်းပြများနှင့်အတူ ပြင်ဦးလွင် ခရိုင်အတွင်းရှိ မဟာပညာရေးဘွဲ့ရ ဆရာမ ၁၅ ဦးတို့က သင်တန်းပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)