နေပြည်တော် နိုဝင်ဘာ ၁
ပြင်ဦးလွင်မြို့နယ်၊ တာချီလိတ်မြို့နှင့် လွိုင်လင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃၀ ရက် နံနက် ၈ နာရီခွဲတွင် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၅) တောင်ကျောင်းကြီးလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ မလှရီ (ခ) အေးနောင့်အား စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီ ၅ မိနစ်တွင် ပြင်ဦးလွင်မြို့နယ် ဘိုးနေဒွန်းကျေးရွာအုပ်စု ဘိုးနေဒွန်းကျေးရွာအနီးတွင် စိုင်းခွန် လင်း (ခ) အိုက်လျန်း (ခ) စိုင်းလျန်းအား စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ၊ မော်တော်ဆိုင်ကယ် (၁) စီးနှင့်အတူလည်းကောင်း၊ အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်တွင် လော်ဗျောင် မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း၊ ထို့အတူ အောက်တိုဘာ ၂၉ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ် ဟိုတင့်ကျေးရွာအုပ်စု ဟိုတင့်ကျေးရွာအနီးတွင် စိုင်းဝမ်းဆိုင် မောင်းနှင်ပြီး မောင်မောင်လှ၊ ငြိမ်းခိုင်၊ စိုင်းထွန်းခေါင်နှင့် မချယ်ရီတို့ လိုက်ပါလာသော TOYOTA CROWN မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ အိုက်စ် (မက်သ်အဖက်တမင်း) ၆ ကီလိုကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်