ပြင်ဦးလွင် ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ ကြီးကိုင်ကျေးရွာ အောင်မင်္ဂလာကျောင်းတိုက်၌ ကျင်းပသည်။
ဦးစွာ ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးလင်းအောင်က အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဇော်၊ ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်မြေစာရင်းဦးစီးဌာန၊ ခရိုင်ကျေးလက် လမ်းဦးစီးဌာန၊ မြို့နယ်သစ်တော ဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပြည်သူ့စကားဝိုင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


