ပြင်ဦးလွင် ၈ ဧပြီ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် UNICEF တို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် လက်ဆေးကန်၊ ရေပုံး၊ လက်ဆေးဆပ်ပြာရည်ဘူးနှင့် အသိပညာပေးဗီနိုင်းတို့အား လှူဒါန်းခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်ခင်မှ အဖွင့်အမှာစကား ပြောကြားပြီး တာဝန်ရှိသူ များမှ လက်ဆေးကန်၊ ရေပုံး၊ လက်ဆေးဆပ်ပြာရည်ဘူးနှင့် အသိပညာပေးဗီနိုင်းတို့အား ပြင်ဦးလွင်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၁၂၀) ရွာတို့ရှိ တာဝန်ခံများထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းသည့် ပစ္စည်းများကို မိမိတို့ ရပ်ကွက်/ကျေးရွာများရှိ ဈေး၊ ကျန်းမာရေးဆေးခန်းများ၊ ကျန်းမာရေး စောင့်ကြည့်စင်တာများနှင့် လူစည်ကားရာနေရာများတွင် အသုံးပြုနိုင်ရန် ပေးအပ်လှူဒါန်းခဲ့ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြောသည်။
ဇော်မျိုးထိုက် ( ပြန်/ဆက် )


