ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်း ၃,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၂

 

ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်း ၃,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁ ရက် နံနက် ၆ နာရီခွဲတွင် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြို့ရှောင်လမ်းအဝင်တွင် မူဆယ်မှ မန္တလေးဘက်သို့ ဝင်းနိုင်(၄၉)နှစ် မောင်းနှင်လာသည့် Hyundai အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၃,၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂ ဒသမ ၃၁ ကီလိုနှင့် စိတ်ကြွရူးသွပ် ဆေးပြား ၁ ဒသမ ၆ သိန်းကျော် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)