နေပြည်တော် ဒီဇင်ဘာ ၁၃

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၀ ရက် ည ၁၀ နာရီခွဲတွင် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁၁) လားရှိုး-မန္တလေးသွား ကားလမ်းတွင် ကျော်မင်းမင်းထွန်း(ခ)ဖိုးကျော် မောင်းနှင်လာသည့် TOYOTA MARK-II မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ကျော်မင်းမင်းထွန်း(ခ)ဖိုးကျော်(၄၀)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်