နေပြည်တော် ဖေဖော်ဝါရီ ၁၇
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြင်ဦးလွင်မြို့နယ်၊ ဘော်ကျေးရွာအုပ်စု၊ ပုံကုန်းကျေးရွာအနီးတွင် အောင်နိုင်မိုး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ မွန်းလွဲ ၂ နာရီတွင် ပုံကုန်းကျေးရွာရှိ ၎င်း၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၄၀၀ ထပ်မံသိမ်းဆည်းရမိခဲ့၍ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၈၀၀ (တစ်ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂၃၆ သိန်း)၊ ထို့အတူ ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက် ည ၆ နာရီ ၁၅ မိနစ်တွင် လွိုင်လင်မြို့နယ်၊ ပန်ဝိုးကျေးရွာအုပ်စု၊ ဟိုတင့်ကျေးရွာအနီးတွင် အောင်လတ် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ (တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၂၅၀ သိန်း) သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၃ နာရီတွင် ပူးပေါင်းအဖွဲ့သည် အဆိုပါနေရာ၌ သန်းစိုး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇,၆၀၀ (တစ်ပြားလျှင် ၅၀၀ ကျပ် နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၃၈ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်