ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ တွေ့ဆုံပြီး ပြည်သူများအကြား အားကစားဗဟုသုတ ပြန့်ပွားရေးနှင့် အားကစားလိုက်စားမှု မြှင့်တင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအဆင့် ကျင်းပသည့် အားကစားပြိုင်ပွဲများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး၊ မြန်မာမီဒီယာများအနေဖြင့် နိုင်ငံတကာ အိုလံပစ်ကော်မတီနှင့် ချိတ်ဆက်၍ အားကစားမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆာင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
(သတင်းစဉ်)