ရန်ကုန် ၃၀ အောက်တိုဘာ

 

ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှ ရက်သတ္တပတ် အကြိုလှုပ်ရှားမှု အဖြစ် ယနေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး) ခရိုင်၊ မြို့နယ်၊ မြို့ရုံးများမှ ဝန်ထမ်း(၃၀)အား ရန်ကုန်မြောက်ပိုင်းခရိုင် ဦးစီးအရာရှိ ဒေါ်အေးအေးခိုင်မှဦးဆောင်၍ ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ မြန်မာ့အလင်း သတင်းစာတိုက်သို့ သွားရောက်လေ့လာခဲ့သည်။

 

ရှေးဦးစွာ မြန်မာ့အလင်းသတင်းစာ(ရန်ကုန်)မှ စာတည်းမှူး(ပြ)ဦးမြင့်ဆွေကမြန်မာ့အလင်း သတင်းစာ (ရန်ကုန်)၏ လက်ရှိတနေ့တာလုပ်ငန်းစဉ်များ၊ မြန်မာ့အလင်းသတင်းစာဖြန့်ချီစနစ်၊ ကိုယ်ပွား သတင်းစာ တိုက်များအကြောင်းတို့ကို ကိုရှင်းလင်းပြောကြားပြီး ပြန်/ဆက်ဝန်ထမ်းများက သိရှိ လိုသည်များကို မေးမြန်းရာ စာတည်းမှူး(ပြ)ဦးမြင့်ဆွေ   မှပြန်လည်ဖြေကြားခဲ့ ပါသည်။

 

ထို့နောက်သတင်းစာတိုက်ထဲသို့ ဝင်ရောက်ကြည့်ရှုလေ့လာရာ မြန်မာ့အလင်းသတင်းစာ(ရန်ကုန်)      မှတာဝန်ရှိသူ များက ကွန်ပျူတာခန်း၊ ပုံနှိပ်ခန်း၊ သတင်းစာစိစစ်ပုံအဆင့်ဆင့်၊ သတင်းစာ ထုတ်လုပ်ပုံ အဆင့်ဆင့်၊ သတင်းစာဖြန့်ချိပုံအဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားပြီး သိရှိလိုသည်များကို ပြန်/ဆက် ဝန်ထမ်းများက ပြန်လည် ဆွေးနွေးမေးမြန်းခဲ့ကြသည်။

 

ကိုဘုန်း(ပြန်ဆက်)