မင်းဘူး ၊  ၁၄  ဒီဇင်ဘာ

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)နှင့် Majestic Myanmar Media တို့ ပူးပေါင်း၍ Basic Video Editing သင်တန်းကို Online Page မှတစ်ဆင့် ယနေ့ နံနက် ၁၀ နာရီက စတင်ဖွင့်လှစ် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

 

ရှေးဦးစွာ သင်တန်းနည်ပြဆရာ Majestic Myanmar Media မှ Managing Director ဦးဖုန်းမြင့်အောင်က သင်တန်းဖွင့်ရခြင်းနှင့် ပတ်သက်၍ သင်တန်းသား(ဝန်ထမ်းများ)အနေဖြင့် သင်ကြားပို့ချပေးမည့် သင်ခန်းစာ များအပေါ် စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ်သားပြီး သင်ယူကြရန်နှင့် ပညာရပ်တစ်ခုအနေဖြင့် အသုံးချ ဆောင်ရွက်နိုင်ပါက မိမိဌာနနှင့် မိမိအတွက်ပါ များစွာအကျိုးရှိနိုင်ကြောင်း၊ Video Editing ပညာရပ်ကို Professionals တစ်ယောက်ဖြစ်အောင် ကြိုးစားလေ့လာသင်ယူမှတ်သားသွားကြရန် တိုက်တွန်းပြောကြား ခဲ့ပြီး သင်တန်းကို စတင်ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့သည်။

 

Basic Video Editing သင်တန်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်အောက်ရှိ သတင်းရယူပေးပို့ခြင်းလုပ်ငန်းများကို လက်တွေ့ဆောင်ရွက်နေသည့် ဝန်ထမ်းများအား ဗီဒီယိုရိုက်ကူး တည်းဖြတ်ခြင်းလုပ်ငန်းများ ကျွမ်းကျင်စွာဆောင်ရွက်နိုင်စေရန်နှင့် သတင်း၊ မှတ်တမ်း၊ အစီအစဉ်များကို ရိုက်ကူးပြီး ကိုယ်ပိုင်အလွယ်တကူတည်းဖြတ်၍ အဆင့်မီ Video Program တစ်ခု ထုတ်လုပ်နိုင်စေရန်အတွက် Majestic Myanmar Media နှင့်ပူးပေါင်း၍ ယခုသင်တန်းကို Online Page မှတစ်ဆင့် ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါသင်တန်းကို သင်တန်းနည်းပြဆရာ (၃)ဦးဖြင့် ရုံးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် မြို့ရုံးများမှ သင်တန်းသား ၅၀ ဖြင့် (၁၄-၁၂-၂၀၂၀) ရက်မှ (၁၁-၃-၂၀၂၁) ရက်နေ့အထိ ရက်သတ္တ တစ်ပတ်လျှင် (၂)ရက်နှုန်းဖြင့် နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ လေ့ကျင့်သင်ကြား ပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)

 

Minbu (1)