နေပြည်တော်  ၃   အောက်တိုဘာ

မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီမှ ဦးစီးကျင်းပသည့် Digital Media Trends and Opportunities Webinar ဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပ ပြုလုပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ဒစ်ဂျယ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး Digital Media Guide to Work-From-Home ခေါင်းစဉ်ဖြင့် ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) ကလည်းကောင်း၊ Digital Media Monetization Opportunities & Challenges ခေါင်းစဉ်ဖြင့် ဦးမင်းဆွေလှိုင် က လည်းကောင်း ဆွေးနွေးကြမည် ဖြစ်သည်။

 

အဆိုပါ ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဌာနဆိုင်ရာအကြီး အကဲများ၊ သတင်းမီဒီယာ သမားများနှင့် စိတ်ပါဝင်စားသူ စုစုပေါင်း (၅၁) ဦး ချိတ်ဆက်ပါဝင် တက်ရောက် ခဲ့ကြကြောင်း သိရှိရသည်။

Crd-MOI