ရန်ကုန် ၂၇ ဒီဇင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာနိုင်ငံသတင်းစာဆရာအသင်း (MJA)၊ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ (MJU)၊ မြန်မာဂျာနယ်လစ်ကွန်ရက် (MJN)မှ တာဝန်ရှိသူများနှင့် ယနေ့ မွန်းလွဲ(၁)နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးမြတ်ခိုင်၊ မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂဥက္ကဋ္ဌ ဦးဇော်သက်ထွေး၊ မြန်မာနိုင်ငံ ဂျာနယ်လစ်ကွန်ရက်မှ အလုပ်အမှုဆောင် ဦးကျော်ဇေယျနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဆက်လက်၍ မွန်းလွဲ(၃)နာရီတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်၊ ဒုတိယဥက္ကဋ္ဌ(၁) ဒေါက်တာမျိုးသန့်တင်၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးကျော်နိုင်(ထက်မြက်)နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်