နေပြည်တော် ၁၁ ဧပြီ
၂၀၁၉ ခုနှစ် မဟာသင်္ကြန်ကို ကြိုဆိုပွဲနှင့် ဝန်ထမ်းမိသားစုများ စုပေါင်း စတုဒိသာ ကျွေးမွေးလှူဒါန်းပွဲကို ယနေ့ ညနေ ၄ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးရှေ့ မြက်ခင်းပြင်တွင် ကျင်းပခဲ့သည်။
အဆိုပါမဟာသင်္ကြန်ကြိုဆိုပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများက ခါသင်္ကြန်တေးသီချင်းများဖြင့် သီဆိုကခုန်ကြခြင်း၊ မြန်မာ့ရိုးရာမုန့်များဖြင့် စုပေါင်းစတုဒိသာ ကျွေးမွေးကြခြင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်စွာ ရေပက်ကစားကြခြင်းတို့ကို ပြုလုပ်၍ နှစ်သစ်မင်္ဂလာကို ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
MDN


