နေပြည်တော် နိုဝင်ဘာ ၂၆
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့တွင် တောင်ကြီးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက BOT စနစ်ဖြင့် တည်ဆောက်လျက်ရှိသော လူထုအခြေပြု ဗဟိုဌာန (တောင်ကြီး) အဆောက်အအုံ တည်ဆောက်ပြီးစီးမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ တာဝန်ရှိသူများက လူထုအခြေပြုဗဟိုဌာန (တောင်ကြီး) အဆောက်အအုံတည် ဆောက်ပြီးစီးမှု လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လူထုအခြေပြုဗဟိုဌာနများကို ၂၀၁၅ ခုနှစ်မှစ၍ ပြန်ကြားရေးဝန်ကြီးဌာနက စတင်အကောင်အထည်ဖော်ခဲ့ပါကြောင်း၊ ယခင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာန လုပ်ငန်းများသည် စာအုပ်၊ စာစောင်ငှားရမ်းပေးသည့် သာမန် စာကြည့်တိုက်လုပ်ငန်း များသာ ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ လူထုအခြေပြုဗဟိုဌာန (Community Centre) များသည် ပြည်သူလူထု၏ အသိပညာ မြင့်မားရေး လုပ်ငန်းများသာမက ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသည့်လူ့အဖွဲ့ အစည်းများနှင့် တိုက်ရိုက်သက်ဆိုင်သည့် အရေးကိစ္စများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူထုအခြေပြု ဗဟိုဌာနများ၏ လှုပ်ရှားဆောင်ရွက်မှုများသည် သက်ဆိုင်ရာ အဖွဲ့အစည်းများ အတွက် လွန်စွာ အကျိုးရှိသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနသည် လူထုအခြေပြုဗဟိုဌာနများကို ပြည်သူများ အသိပညာရှာမှီးရာနေရာ၊ ပြည်သူများ သတင်းအချက် ရည်ရွယ်ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူထုအခြေပြု ဗဟိုဌာနများ၏ လှုပ်ရှား ဆောင်ရွက်မှုများသည် သက်ဆိုင်ရာ အဖွဲ့အစည်းများအတွက် လွန်စွာအကျိုးရှိသည်ကို တွေ့ကြရမည် ဖြစ်ကြောင်း။
ပြန်ကြားရေးဝန်ကြီးဌာနသည် လူထုအခြေပြုဗဟိုဌာနများကို ပြည်သူများအသိပညာရှာမှီးရာ နေရာ၊ ပြည်သူများ သတင်းအချက်ထို့ကြောင့် လူထုအခြေပြုဗဟိုဌာနများတွင် လူငယ်များဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည့် လှုပ်ရှားမှုများကို ဦးစားပေး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
ယခု ဘဏ္ဍာရေးနှစ်တွင် စာကြည့်တိုက်များကို Digital Library ကူးပြောင်းနိုင်ရေး အတွက် လိုအပ်သည့် အသုံး စရိတ်များကို ခွင့်ပြုပေးထားပြီးဖြစ်သဖြင့် စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများကို စနစ်တကျ မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ စာကြည့်တိုက် များအတွက် စာအုပ်များ ဝယ်ယူ ရာတွင် လူငယ်များ စိတ်ဝင်စားသည့် အကြောင်းအရာများ၊ လူငယ်ဖွံ့ဖြိုးရေးကို အထောက် အကူပြုသည့် စာအုပ်စာစောင် များကို ဦးစားပေးဝယ်ယူထားရှိပေးရန်လိုကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၏ လုပ်ငန်းများကို အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြောင်းလဲဆောင် ရွက်နေချိန်ဖြစ်သဖြင့် ဝန်ထမ်းများအနေဖြင့် “စိတ်ကောင်း၊ စေတနာကောင်းများဖြင့် လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်ပေးရန်လို ကြောင်းပြောကြားပြီး လူထု အခြေပြု ဗဟိုအဆောက်အအုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်နှင့်အတူ ရွှေဘုန်းပွင့် စေတီတော်သို့ သွားရောက်ဖူးမြော်၍ အလှူငွေများလှူဒါန်းကာ တောင်ကြီးမြို့၏ သာယာလှပမှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ရှုသည်။
တောင်ကြီးမြို့သည် ပင်လယ် ရေ မျက်နှာပြင်အထက် ၄၇၁၂ ပေတွင် တည်ရှိပြီး သဘာဝပတ်ဝန်းကျင် သာယာလှပမှု၊ လေထုသန့်ရှင်းမှုရှိပြီး တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်သည့် သာယာလှပသော မြို့ကြီးတစ်မြို့ ဖြစ်သည်။
သတင်းစဉ်