မိုင်းကိုင် အောက်တိုဘာ  ၂

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအထိ  ထိုးနှံပေးလျက်ရှိပြီး အောက်တိုဘာ ၁ရက်မှစ၍  ပန်ကေတုကျေး ရွာအုပ်စုအတွင်းရှိ  ကျေးလက်နေပြည်သူများနှင့် ပန်ကေတုကျေးရွာအတွင်း ရောက်ရှိနေသော  စစ်ပွဲရှောင် ပြည်သူများကို   ကာကွယ်ဆေးများ  စတင်ထိုးနှံပေးလျက်ရှိသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို  ပန်ကေတုကျေးရွာ ကျေးလက်ကျန်းမာရေးဌာန  စုရပ်၌  ထိုးနှံပေးလျက်ရှိပြီး  အောက်တိုဘာ ၁ ရက် ညနေပိုင်းအချိန်အထိ  ပန်ကေတုကျေးလက်နေပြည်သူ  ၂၆၃ ဦး၊ ဟိုခဲကျေးရွာအုပ်စုအတွင်းမှ ပန်ကေတုကျေးရွာသို့  စစ်ပွဲရှောင်ရောက်ရှိနေသော  ကျေးလက်နေပြည်သူ  ၂၁၂ ဦး တို့ကို  ထိုးနှံပေးနိုင်ခဲ့ပြီး  ကာကွယ်ဆေးထိုးနှံခွင့်ရှိသူ  ကျေးလက်နေ ပြည်သူများအားလုံး  ကာကွယ်ဆေးများ  ထိုးနှံနိုင်ရေး  သက်ဆိုင်ရာ  ကျေးရွာတာဝန်ရှိသူများက  စာရင်းများ ကောက်ခံပြုစုလျက်ရှိပြီး  အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင်လည်း  ကာကွယ်ဆေးများ  ဆက်လက်ထိုးနှံပေးနေကြောင်း  သိရှိရသည်။

 

ချော(မိုင်းကိုင်)