ပန်ချောင်းရေဆင်းချိုးရာမှ လူနှစ်ဦးနစ်မြုပ် ပျောက်ဆုံး

ဘောလခဲ  ၂၅ မေ 

 

ဘောလခဲမြို့ အိုးအိမ်ဝန်ထမ်းအိမ်ရာဆောက်လုပ်ရေးအဖွဲ့ ပြင်ပကုမ္ပဏီအလုပ်သမားနှစ်ဦးဖြစ်သော တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုခွရွာနေ မောင်ဖိုးထူး အသက်(၁၈)နှစ်၊ မောင်မျိုးကိုကို(ခ)အာနိုး အသက်(၂၇)နှစ် တို့သည် ယနေ့ နေ့လယ် ၁၂ နာရီ ၉ မိနစ်က ပွန်ချောင်းရေဆင်းချိုးရာမှ ရေနစ်မြုပ် ပျောက်ဆုံးခဲ့သည်။

 

မောင်မျိုးကိုကို(ခ)အာနိုး အရင်နစ်မြုပ်ရာမှ မောင်ဖိုးထူးက ကယ်ဆယ်နိုင်ရန်အတွက် လိုက်လံကူးခတ်ရင်း ပွန်ချောင်းတံတားအောက်ရောက်ပြီး ဆက်လက်နှစ်မြုပ် ပျောက်ဆုံးခဲ့ကြောင်းသိရသည်။ ရေနစ်မြုပ်သူနှစ်ဦးကို ဘောလခဲမီးသတ်တပ်ဖွဲ့များနှင့် ဒေသခံများက ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ရှိရာ တွေ့ရှိခြင်းမရှိသေးကြောင်း ကနဦးသတင်းအရ သိရသည်။

 

MDN