မန္တလေး ၁၈ အောက်တိုဘာ
ပန်းချီဆရာ လူမော်၏ ပဉ္စမအကြိမ်မြောက် တစ်ကိုယ်တော် ပန်းချီပြပွဲ (5th Solo Show) ကို နိုဝင်ဘာ (၁)ရက် မှ (၃)ရက်နေ့အထိ မန္တလေးတောင်ခြေပန်းချီပြခန်း (Mandalay Hill Art Gallery) တွင် ကျင်းပမည်ဖြစ်သည်။
ပြခန်းဖွင့်ပွဲအခမ်းနားကို အောက်တိုဘာ (၁)ရက် နံနက် (၉)နာရီတွင် မန္တလေးတောင်ခြေပန်းချီပြခန်းတွင် ကျင်းပမည်ဖြစ်သည်။
အဆိုပါ ပန်းချီပြပွဲတွင် ပန်းချီဆရာလူမော်၏ လက်ရွှေးစင်ပန်းချီကား (၅၄)ကား ပြသမည် ဖြစ်ပြီး ပန်းချီအမျိုးအစားများမှာ အခရိုက်လစ် အမျိုးအစားဖြစ်သည်။ပြပွဲကို နိုဝင်ဘာ (၁)ရက်မှ (၃)ရက်ထိ (၃)ရက်တိုင် နေ့စဉ် နံနက်(၉)နာရီမှ (၅)နာရီအထိ ပြသထားမည်ဖြစ်ပြီး မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း ပန်းချီမိုးဦး၏ ပြောပြချက်အရ သိရှိရသည်။
ခင်ခင်ဝင်း(ပညာရေး)


