ရန်ကုန် ၃၀ စက်တင်ဘာ
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ရရှိသည့် ပန်းချီဆရာကြီး ဒေါက်တာဦးလွန်းကြွယ် ၏ အသက် ( ၈၈ ) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ခမ်းနားကြီးကျယ်သောပုဂံမြု့ဟောင်း ( The Glorios Old Bagan ) အမည်ရှိပန်းချီပြပွဲဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ( ၂၉ ) ရက်နံနက်က မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ ( ၁၇ ) ရပ်ကွက် ၊ တောင်ငူလမ်း ၊ အမှတ် ( ၄၀၉ / ၄၁၃ ) ရှိ Artist Life Art Gallery တွင်ကျင်းပသည်။
ပန်းချီဆရာကြီး ဒေါက်တာဦးလွန်းကြွယ်သည် မိသားစုနှင့်အတူပုဂံသို့ ခရီးထွက်ခဲ့စဉ်ရေဆေးဖြင့် အောက်ဒိုးရေးဆွဲခဲ့သည့် စေတီပုထိုးပုံတော်များ ပါဝင်သည့်ပန်းချီကားများကို ခင်းကျင်းပြသထားသည်။
ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ပန်းချီပညာရှင်များနှင့် ပန်းချီမြတ်နိုးသူများတို့ကို ဆရာကြီး ဒေါက်တာဦးလွန်းကြွယ်က ပန်းချီကားများ၏ အနှစ်သာရများနှင့် ထူးခြားချက်များကို ကိုယ်တိုင်ရှင်းလင်းပြောကြားပြသသည်။ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများကို ဆရာကြီးဒေါက်တာဦးလွန်းကြွယ်ကိုယ်တိုင် ရေးဆွဲထားသည့်ပန်းချီကား ( ၅ ) ကားကို ကံစမ်းမဲစနစ်ဖြင့် အမှတ်တရ လက်ဆောင်ပေးအပ်သည်။
ပြပွဲတွင် ပန်းချီကား ( ၉၁ ) ကားပါဝင်ပြီး စက်တင်ဘာ ( ၂၉ ) ရက်မှ အောက်တိုဘာ ( ၁ ) ရက်နေ့ထိပြသမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်သူရ