မန္တလေး ၁ နိုဝင်ဘာ
ပန်းချီဆရာလူမော်၏ ပဉ္စမအကြိမ်မြောက် တစ်ကိုယ်တော်ပန်းချီပြပွဲကို မန္တလေးတောင် ပန်းချီပြခန်း (Mandalay Hill Art Gallery Near two Guardian Lions) တွင် နိုဝင်ဘာ ၁ ရက် နံနက် ၉ နာရီက ပြပွဲဖွင့်လှစ် ကျင်းပသည်။
အဆိုပါ ပန်းချီပြပွဲသို့ ပန်းချီဆရာများ ဖိတ်ကြားထားသူများ မီဒီယာများ တက်ရောက်ကြသည်။ ပန်းချီပြပွဲတွင် အခရိုက်လစ်ပန်းချီကား (၃၃)ကား ပြသထားပြီး အရွယ်အစားမှာ (2" x 2"), (3" x 2"), (3" x 3"), (4" x 3") အရွယ်အစား ပန်းချီကားများ ပြသထားသည်ဟု ပန်းချီဆရာ လူမော်က ရှင်းလင်းပြောကြားပြီး ပန်းချီကားများ၏ တန်ဖိုးမှာ အနည်းဆုံး (၂)သိန်းမှ အများဆုံး (၅)သိန်းထိ ရှိကြောင်း သိရသည်။
ပြပွဲကို နိုဝင်ဘာ ၁ ရက်မှ ၃ရက်နေ့ အထိ ၃ ရက်တိုင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြသမည်ဖြစ်ပြီး မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း သိရသည်။
ခင်ခင်ဝင်း(ပညာရေး)


