မိုင်းခုတ် သြဂုတ် ၂၄

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ "ပန်းခင်း" စီမံချက်ဖြင့် တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေးအတွက် ၂၀၂၁ ခုနှစ်၊ မေ ၃ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်အထိ “ပန်းခင်း” စီမံချက်ဖြင့် မြို့နယ်အသီးသီး၌ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ “ပန်းခင်း” စီမံချက်ဖြင့် ဆောင်ရွက်ပေးနေသည့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ အဆင်မပြေမှုများရှိပါက မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့အတွက် မိုင်းဆတ်ခရိုင်ဦးစီးမှူး (၀၉၅၂၄၁၀၆၂) နှင့် မိုင်းဆတ်မြို့နယ်ဦးစီးမှူး (၀၉၄၂၃၆၅၈၉၉၉)သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည့် Call Centre များ ဖွင့်လှစ်ထားကြောင်း သိရသည်။

 “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ အသက်(၁၆)နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း ကိုင်ဆောင်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် “ပန်းခင်း” စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး “ပန်းခင်း” စီမံချက်နှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များလည်း ထုတ်ဝေထားကြောင်း သိရသည်။

အားချာ