ကန်ကြီးထောင့် နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထာင့်မြို့နယ်၊ ကျုံဒရယ်ကျေးရွာအုပ်စုရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကန်ကြီးထောင့်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များအား အသက် ၁၀ နှစ်အထက်၂၁ ဦး၊ အသက် ၁၈ နှစ်အထက် ၃၄ ဦး၊ အသစ်လဲလှယ် ၁၄ ဦး၊ မှတ်ပုံတင်ပျောက်ဆုံး၊ ပျက်စီးခြင်းအတွက် မိတ္တူ ၁၆ ဦး စုစုပေါင်း ၈၅ ဦးအား ပြုလုပ်ပေးခဲ့ပြီး အိမ်ထောင်စု ၂၂ စုသို့ အိမ်ထောင်စု လူဦးရေစာရင်းများ ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်


