ဂွ     စက်တင်ဘာ ၂၁

 

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာအုပ်စု၊ ကွင်းကြီးကမ်းနား ကျေးရွာ၏ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ကမြို့နယ် လူဝင်မှုကြီးကြပ်ရေးနင့်ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ဂွမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှချိုချိုနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ရာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အမြန်ရရှိနိင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုသာ ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကာ ၊ ပျောက်ဆုံး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ပျက်စီးနေသော နိုင်ငံသားကတ်ပြားများ၊ သန်းခေါင်စာရင်းများကိုလည်း ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယခုလို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးရာတွင် ဒေါင့်ချောင်းကျေးရွာအုပ်စု၊ ကွင်းကြီးကမ်းနား ကျေးရွာမှ ကျား(၆၀)၊ မ (၇၆)ဦး စုစုပေါင်း(၁၃၆)ဦးကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ရွှေရည်ဝင်းကျော်