နောင်ချို အောက်တိုဘာ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုဦးရေစာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလ ရက်နေ့မှစ၍ စတင်ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၄ ရက်က နောင်ချိုမြို့ ကုလားကွဲအုပ်စုအတွင်းရှိ ကျေးရွာပြည်သူများအား နောင်ချိုမြို့နယ် ဦးစီးမှူး ဦးအောင်မြင့်ဦးနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အဆိုပါ မြို့နယ်ရုံး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယခုဆောင်ရွက်ပေးသော ကုလားကွဲအုပ်စုသည် လုံခြုံရေးအရ သွားလာရေးခက်ခဲသောကြောင့် မြို့နယ်ဦးစီးမှူးရုံးသို့ ဖိတ်ခေါ်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)