သင်္ဃန်းကျွန်း၊   ၁၇  ဇွန် 

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေိ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီမှ စတင်ပြီး အိမ်တွင်းမှု လက်မှုပညာ ပန်းကြယ်သီးထိုးနည်း သင်တန်း အမှတ်စဉ်(၁)ကို(၂ )ရက်ကြာ(အခမဲ့)ဖွင့်လှစ်ပေးခဲ့သည်။

 

“အခုလို သင်တန်းဖွင့်လှစ်ပေးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူတွေ လူထုအခြေပြုဗဟိုဌာနတွေကို အကျိုးရှိရှိ အသုံးချတတ်ဖို့နဲ့ အမျိုးသမီးလူမှုဘဝ ဖွင့်ဖြိုးတိုးတက်ရေးအတွက် ဖွင့်လှစ်ပေးခြင်း ဖြစ်ပါတယ်”လို့ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက ပြောသည်။

 

ဒုတိယမြောက်နေ့အဖြစ် ယနေ့မှာ သင်တန်းဆရာမ ဒေါ်နန်းရွှေကြည်က ခြင်းလုံးပုံ၊ ပုဇဉ်းခေါင်းပုံ၊ ရင်ကပ် ပန်းကြယ်သီးပုံမျိုးစုံကို ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ပြီး ယနေ့၊ မွန်းလွဲ ၁ နာရီတွင် သင်တန်းဆင်းကာ သင်တန်းတက်ရောက်သူ (၁၅)ဦးထဲမှ ထူးချွန်သူများကို ပထမ၊ ဒုတိယနှင့် တတိယဆုများကို ခရိုင်ဦးစီးမှူးဒေါ်စန္ဒာမိုးမှ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 လင်းလင်းထွန်း(ပြန်/ဆက်)