ဝက်ထီးကန် ၂၄ ဖေဖော်ဝါရီ    
    
စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)တွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

 

194

 

အခမ်းအနားတွင် အမှတ်(၂)ရဲ လေ့ကျင့်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ရဲမှူးကြီးနေမျိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်)မှ ဦးစီးအရာရှိ ဦးသိန်းဝင်း မှ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) မှ တိုင်းအတွင်းရေးမှူး ဦးရဲထွဋ် မှ အသင်းလုပ်ငန်းစဉ်များ အကြောင်ရှင်းလင်းပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အမှတ်(၂)ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ ရဲမှူးကြီး နေမျိုးနှင့် တပ်ခွဲမှူး မူးယစ်တပ်ဖွဲ့စု(၃၇)၊ ပြည်မြို့ မှ ရဲမှူး စိုးလှိုင် ပြည်မြို့နယ် သတင်းတပ်ဖွဲ့မှ ရဲမှူး ခင်မောင်လှ (MANA) အသင်းတိုင်းအတွင်းရေးမှူး ဦးရဲထွဋ် နှင့် အမှုဆောင်များ၊ ဝက်ထီးကန်တိုက်နယ်ဆေးရုံမှ ဒေါက်တာ တင်ဌေးဌေးအိ၊ မိခင်နှင့်ကလေး ဥက္ကဌနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပဲခူးတိုင်းစေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး အသင်းဥက္ကဌ ဦးဇော်ဝင်းနှင့် အမှုဆောင်များ၊ ဝက်ထီးကန်တိုက်နယ် အုပ်ချုပ်ရေးမှူး၊ ကြီးမြတ်သူ ပရဟိတအသင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကုသရေး၊ ပြန်လည်ထူထောင်ရေး၊ စိုက်ပျိုးရေး၊ တိမွေးကုဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ မိဘပြည်သူများ၊ သင်တန်းသားများ စုစုပေါင်း(၁၀၀)ဦး ခန့်တက်ရောက်ခဲ့သည်။

အဆိုပါသင်တန်းကို သင်တန်းသား (၃၀) ဖြင့် ဖေဖော်ဝါရီ ၁၇ ရက်မှ မေလ ၁၆ ရက်အထိ ရက်(၉၀) ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။ 

မောင်ရွှေဝင်း (ပြည်)