ပန်နန်းဒင် ၂၈ မေ
ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ပြိုကျမှုများ၊ ရေတိုက်စားခြင်းများနှင့် သစ်ပင်ကြီးများ လမ်းမပေါ်လဲကျမှုရှိကြောင်း သိရသည်။
မေ ၂၅ ရက်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ပန်နန်းဒင်မြို့နှင့် ဝိုင်ဖီတောင်ကြားရှိ သစ်သားတံတားတစ်စင်းမှာ ရေတိုက်စားမှုကြောင့် ကျိုးကျပျက်စီးခဲ့ပြီး ၎င်းလမ်းပိုင်းတွင် တောင်ပြိုကျမှုများနှင့် သစ်ပင်ကြီးများ လမ်းမပေါ်သို့လဲကျကာ လမ်းများပိတ်ဆို့နေ၍ ဒေသခံများနှင့် ခရီးသွားလာသူများ အခက်အခဲဖြစ်နေကြောင်းနှင့် အဆိုပါ ပျက်စီးပိတ်ဆို့နေမှုများအား အမြန်ဆုံး ရှင်းလင်းဖယ်ရှားပေးစေလိုကြောင်း ဒေသခံတစ်ဦးက ပြောသည်။
နောယော်ဘော် (ပန်နန်းဒင် ပြန်/ဆက်၊)


