အောင်လံ ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထောက်ကြံ့ တိုင်းကျေးရွာအနီး ပြည်-အောင်လံအဝေးပြေးကားလမ်းမကြီးပေါ်တွင် လုံးပတ် ၁၂ ပေ၊ အရှည် ပေ ၆၀ ခန့်ရှိ ယင်းမာပင်ကြီးလဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း ပရဟိတယာဉ်မောင်းတစ်ဦး၏ သတင်းပေးချက်အရ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းဇော် ဦးစီး၍ သန္ဓေတပ်ဖွဲ့ဝင်ရှစ်ဦးတို့သည် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ နံနက်ပိုင်းတွင် ရှင်းလင်းပြီးစီး၍ မော်တော်ယာဉ်များ ပုံမှန်သွားလာဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)


