ပေါက်ခေါင်း ၁၃ ဩဂုတ်    


ပြည်-ပေါက်ခေါင်း မီးရထားလမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသည့် လယ်ယာမြေများအတွက် လျော်ကြေးငွေများ ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပေါက်ခေါင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ယင်းသို့ ပေးအပ်ရာတွင်  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ချစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီဒွန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးတို့က အမှာစကားများ ပြောကြားပြီး မြန်မာ့မီးရထားမှ လက်ထောက်အင်ဂျင်နီယာ (မြို့ပြ) ဦးဇော်ရဲမြင့်က မီးရထားလမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသည့် လယ်ယာမြေများအတွက် လျော်ကြေးငွေများ ပေးအပ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ပြည်-ပေါက်ခေါင်း မီးရထားလမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသော ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာအုပ်စု (၇) အုပ်စုမှ တောင်သူ ၂၄၆  ဦး၏ လယ်ယာမြေ  ၁၇၄.ဝ၈ ဧကအတွက်  လယ်မြေ ၁ ဧကလျှင် လျော်ကြေး ငွေကျပ်သိန်း  ၂၀ နှုန်း၊ ယာမြေ (၁) ဧကလျှင် လျော်ကြေးငွေကျပ် ၁၅ သိန်းနှုန်းဖြင့် လျော်ကြေးငွေ ကျပ် ၃၂၉၃၁၀ဝ၀ဝ ကို တာဝန်ရှိသူများက လယ်ယာမြေ ပိုင်ရှင်များထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။


သန်းထွန်းအောင်(ပြန်/ဆက်)