ကျိုက်မရော ၃ အောက်တိုဘာ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေထားသည့် လက်ကမ်းစာစောင်နှင့် ပိုစတာစောင်ရေ ၃၀၀၀ ကို ကျိုက်မရောမြို့ ပြည်သူ့စျေးကြီးရှေ့နှင့် မြို့လယ်လမ်းဆုံ၌ ယနေ့နံနက် ၉ နာရီက ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာ စောင်တွင် “သင့်အမည် မဲစာရင်းမှာ ပါ/မပါစစ်ဆေး ပြီးပြီလား၊ အတူ တကွ မဲပေးကြပါစို့၊ မဲဆန္ဒ ရှင်စာရင်းသွားရောက်စစ်ဆေးရန် သင့်မှာအချိန် မရှိ/အချိန်မလုံလောက်ဖြစ်နေပါသလား၊ အွန်လိုင်းကနေစစ်ဆေးလိုက်ပါ၊ ဘေးကင်းလုံခြုံစွာ နေပါ၊ သင်ကဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ဖြစ်ပါသလား၊ မဲစာရင်း စစ်ဆေးပါ ၊သွားရောက် ဆန္ဒမဲပေးပါ ၊ သတိရပါ” စသည့်အချက်များ ဖော်ပြပါရှိကြောင်း သိရသည်။
ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများကို မြို့နယ်အသီးသီး၌အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ ဒုတိယအကြိမ် အဖြစ်ကပ်ထားကြေညာပြီးဖြစ်ရာ ပြည်သူများ အနေဖြင့် ဆန္ဒမဲပေးခွင့် မဆုံးရူံးရအောင် မဲဆန္ဒရှင်စာရင်းများကို သွားရောက်ကြည့်ရှုကြရန် အသိ ပေးသည့် လက်ကမ်းစာစောင်နှင့်ပိုစတာများကို လက်ဝယ်အ ရောက် ဖြန့်ဝေပေးရခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်ပါ/ မပါ သွားရောက်ကြည့်ရူရမည့် အသိရှိစေရန်နှင့် ပြည့်စုံမှန်ကန်သည့်မဲစာရင်းများဖြစ်စေရေး လှုံ့ဆော်အသိပေးခြင်းဖြစ်ကြောင်း ကျိုက်မရော မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းရှင်က ပြောကြားသည်။
လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို မြို့နယ်ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် ပရဟိတ အဖွဲ့ဝင် များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)