ဟုမ္မလင်း ၆ ဇန်နဝါရီ
၂၀၁၉-၂၀၂၀ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၊ အမှတ်(၁) အခြေခံပညာ မူလတန်းလွန်ကျောင်း၏ ကျောင်းစာကြည့်တိုက်ဖွင့်ပွဲနှင့် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲကို ဇန်နဝါရီ ၆ ရက် နံနက်(၈)နာရီက အဆိုပါကျောင်းဝန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို စတုတ္ထတန်းမှ ကျောင်းသား၊ ကျောင်းသူလေးများက "ကြိုဆိုပါ စုံညီပွဲတော်သီချင်း"ဖြင့် သီဆိုဖွင့်လှစ်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးမျိုးညွန့်၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဉီးညီထွေးတို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်က စာကြည့်တိုက်အင်္ဂါရပ်("B") ငါးလုံးနှင့် စာကြည့်တိုက်ရေရှည်တည်တံ့ခိုင်မြဲရေး၊ ပညာရေးကဏ္ဍများနှင့်ပတ်သက်၍ ရှင်းလင်ပြေကြားခဲ့သည်။

ဆက်လက်၍ "ပညာအလင်း"စာကြည့်တိုက်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဉီးမျိုးညွန့်၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဉီးညီညီထွေးနှင့် တာဝန်ရှိသူများက ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးက ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်များ ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့ပြီး စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့ ကြသည်။
ထို့နောက် ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌက ကျောင်းနှင့်ပတ်သက်၍ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်နေမှု များအား ရှင်းလင်းတင်ပြပြီး၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ် အဆင့်၊ ကျောင်းတွင်း ကာယ၊ (ညာ/ဏ)ဆုရကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့ သည်။
အဆိုပါ အလျား ၂၈ပေ၊ အနံ ၁၈ပေ၊ အမြင့် ၁၅ပေရှိ စာကြည့်တိုက်ကို အလှူရှင် United Uniques Co.ltd.ကုမ္ပဏီမှ တာဝန်တည်ဆောက်ပေးပြီး စုစုပေါင်းသိန်း (၁၅၀)ခန့်ကုန်ကျခဲ့ကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)