နေ့သစ်တိုင်းမှာ စာကိုဖတ်လို့
ပညာတတ်ဖို့ ကြိုးစားလေ။
သင်ယူလေ့လာ ဉာဏ်စွမ်းအားနဲ့
ဦးနှောက်တံခါး ဖွင့်ကာနေ။
ခက်လက်ဝေဆာ ပညာပန်းအား
ဆင်မြန်းလေကြ အမြဲပေ။
ပညာပန်းပွင့် ပန်မှတင့်
လက်ဆင့်ကမ်းကာဝေ။
အဲဒါမှ မွန်မြတ်ပေစွ
မြန်မာ့ လူတော်တွေ။ ။
ညီမင်းခေတ်(မြို့သစ်)